Wednesday, October 18, 2017

" ခ်ဳိးေခါက္ႏုိင္ေသာ display ႏွင့္ iPhone အား 2020 တြင္ ထုတ္လုပ္ႏိုင္ရန္ Apple ႏွင့္ LG Display ပူးေပါင္း " -----------------------------

SHARE

မၾကာမီ ေစ်းကြက္ထဲေရာက္လာမည့္ iPhone X သည္ Apple ၏ စမတ္ဖုန္းမ်ားထဲတြင္ ဒီဇိုင္းအရ မ်ားစြာေရွ႕ေျပးခဲ့ေသာ္လည္း Apple သည္ ထုိမွ်ႏွင့္ တင္းတိမ္ေရာင့္ရဲေနရန္မရွိေၾကာင္း သိရသည္။ လာမည့္ သံုးႏွစ္အ တြင္း ထုိ႔ထက္ပိုမိုသည့္ ဆန္းသစ္တီထြင္မႈႀကီးကို ျပဳလုပ္ရန္စဥ္းစားလ်က္ရွိ ေၾကာင္းသိရသည္။ ေတာင္ကိုရီးယားမွ ထြက္ေပၚလာေသာ သတင္းအခ်ဳိ႕ သာ မွန္ကန္မည္ဆိုပါက Apple သည္ LG Display ႏွင့္ ပူးေပါင္းကာ ခ်ဳိး ေခါက္ႏုိင္ေသာ iPhone ကို ဖန္တီးလ်က္ရွိေၾကာင္း သိရသည္။ အဆုိပါ ဖုန္း ကုိ 2020 တြင္ စတင္ေရာင္းခ်သြားမည္ဟု ဆိုခဲ့သည္။ LG သည္ screen ထုတ္လုပ္မႈဌာနသာမက အစိတ္အပုိင္းမ်ား ထုတ္လုပ္ေသာ LG Innotek ႏွင့္လည္း ပူးေပါင္းလ်က္ လုိအပ္ေသာ ခ်ဳိးေခါက္ႏုိင္မည့္ circuit board ကုိ ထုတ္လုပ္ေပးလ်က္ရွိသည္ဟု သိရ၏။ LG Display မွ 2020 iPhone အ တြက္ ခ်ဳိးေခါက္ႏုိင္ေသာ display ကုိ ထုတ္လုပ္ေပးသြားမည္ျဖစ္ၿပီး ပထမ ဆံုး prototype နမူနာကို လြန္ခဲ့ေသာ ႏွစ္ႏွစ္ သံုးႏွစ္ကပင္ၿပီးစီးထားခဲ့၍ ယခုအခါ ခံႏုိင္ရည္ပိုေကာင္းေစရန္ ဖန္တီးလ်က္ရွိသည္ဟု ဆုိသည္။ iPhone X သည္ ပထမဆံုး OLED panel ကို စတင္သံုးစြဲခဲ့ၿပီး Samsung Display မွ ဖန္တီးေပးခဲ့ျခင္းျဖစ္သည္။ ထုိ႔ေၾကာင့္ အဘယ္ေၾကာင့္ ၿပိဳင္ဘက္ LG ကို သံုးစြဲမည္ဟု သတင္းထြက္ေပၚလာရျခင္းမွာ စိတ္၀င္စားစရာျဖစ္ခဲ့သည္။ နည္းပညာေပါက္ၾကားမႈအတြက္ စိုးရိမ္၍လည္း ျဖစ္ႏုိင္ေၾကာင္း အခ်ဳိ႕က သံုးသပ္ၾကသည္။ Samsung မွ ခ်ဳိးေခါက္ႏိုင္ေသာ စဖတ္ဖုန္းကုိ 2018 တြင္ ေစ်းကြက္ထဲေရာင္းခ်မည္ဟု သတင္းမ်ားထြက္ေပၚေနရာ ထုိသတင္းမ်ားသာ မွန္ကန္လာပါက Apple ထက္ပို၍ ေစာမည္ျဖစ္သည္။ လက္ရွိတြင္ 2018 iPhone အတြက္ OLED panel အားလံုးကို Samsung မွ ေထာက္ပံ့ေပးထားသည္။ 

မိုးထက္

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

------------------------------------------------------------------------------------------------------

(Unicode Version)

" ချိုးခေါက်နိုင်သော display နှင့် iPhone အား 2020 တွင် ထုတ်လုပ်နိုင်ရန် Apple နှင့် LG Display ပူးပေါင်း "
-----------------------------

မကြာမီ စျေးကွက်ထဲရောက်လာမည့် iPhone X သည် Apple ၏ စမတ်ဖုန်းများထဲတွင် ဒီဇိုင်းအရ များစွာရှေ့ပြေးခဲ့သော်လည်း Apple သည် ထိုမျှနှင့် တင်းတိမ်ရောင့်ရဲနေရန်မရှိကြောင်း သိရသည်။ လာမည့် သုံးနှစ်အ တွင်း ထို့ထက်ပိုမိုသည့် ဆန်းသစ်တီထွင်မှုကြီးကို ပြုလုပ်ရန်စဉ်းစားလျက်ရှိ ကြောင်းသိရသည်။ တောင်ကိုရီးယားမှ ထွက်ပေါ်လာသော သတင်းအချို့ သာ မှန်ကန်မည်ဆိုပါက Apple သည် LG Display နှင့် ပူးပေါင်းကာ ချိုး ခေါက်နိုင်သော iPhone ကို ဖန်တီးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖုန်း ကို 2020 တွင် စတင်ရောင်းချသွားမည်ဟု ဆိုခဲ့သည်။ LG သည် screen ထုတ်လုပ်မှုဌာနသာမက အစိတ်အပိုင်းများ ထုတ်လုပ်သော LG Innotek နှင့်လည်း ပူးပေါင်းလျက် လိုအပ်သော ချိုးခေါက်နိုင်မည့် circuit board ကို ထုတ်လုပ်ပေးလျက်ရှိသည်ဟု သိရ၏။ LG Display မှ 2020 iPhone အ တွက် ချိုးခေါက်နိုင်သော display ကို ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး ပထမ ဆုံး prototype နမူနာကို လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ကပင်ပြီးစီးထားခဲ့၍ ယခုအခါ ခံနိုင်ရည်ပိုကောင်းစေရန် ဖန်တီးလျက်ရှိသည်ဟု ဆိုသည်။ iPhone X သည် ပထမဆုံး OLED panel ကို စတင်သုံးစွဲခဲ့ပြီး Samsung Display မှ ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် ပြိုင်ဘက် LG ကို သုံးစွဲမည်ဟု သတင်းထွက်ပေါ်လာရခြင်းမှာ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ နည်းပညာပေါက်ကြားမှုအတွက် စိုးရိမ်၍လည်း ဖြစ်နိုင်ကြောင်း အချို့က သုံးသပ်ကြသည်။ Samsung မှ ချိုးခေါက်နိုင်သော စဖတ်ဖုန်းကို 2018 တွင် စျေးကွက်ထဲရောင်းချမည်ဟု သတင်းများထွက်ပေါ်နေရာ ထိုသတင်းများသာ မှန်ကန်လာပါက Apple ထက်ပို၍ စောမည်ဖြစ်သည်။ လက်ရှိတွင် 2018 iPhone အတွက် OLED panel အားလုံးကို Samsung မှ ထောက်ပံ့ပေးထားသည်။ 

မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
SHARE

Author: verified_user

0 comments: