Tuesday, October 24, 2017

ျမန္မာ ႏိုင္ငံအေနျဖင့္ MYANMARSAT-2 ၿဂိဳဟ္တု စနစ္ကို ၂၀၁၉ခုႏွစ္ တြင္ စတင္အသံုးျပဳႏိုင္ေတာ့မည္

SHARE



ျမန္မာႏိုင္ငံအေနျဖင့္ MyanmarSat-2 ၿဂိဳဟ္တုစနစ္ကို ၂၀၁၉ခုႏွစ္တြင္ စတင္အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္တည္ေထာင္ေရး ဦးေဆာင္ေကာ္မတီ တတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး၌ ဒုတိယသမၼတ ဦးျမင့္ေဆြက ေျပာၾကားသည္။

ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္တည္ေထာင္ေရး ဦးေဆာင္ေကာ္မတီ တတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးတြင္ MyanmarSat – 2 ကို လႊတ္တင္ ႏုိင္ေရးႏွင့္ အခ်ိဳးက် ပူးတြဲ ပိုင္ဆိုင္ႏုိင္ေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆြးေႏြး ေနဆဲျဖစ္ၿပီး ကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ ၁၅၅ ဒသမ ၇ သန္းရွိကာ ၁၀ ရစ္ ေပးေခ်ရမည္ျဖစ္ေၾကာင္း၊ ယင္းကုန္က် စရိတ္မ်ားကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ႏွင့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ကာလမ်ားတြင္ ေပးသြင္းရန္ ညႇိႏႈိင္းထားေၾကာင္း၊ MyanmarSat-2 ကို ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ စတင္အသံုးျပဳ ႏုိင္မည္ျဖစ္ပါေၾကာင္း ၎က ဆိုသည္။

အဆိုပါ MyanmarSat – 2 အသံုးျပဳႏိုင္ေရးႏွင့္ ပတ္သက္ၿပီး ဥပေဒဆုိင္ရာ ညိႇႏႈိင္းရမည့္ကိစၥမ်ားကိုလည္း ဥပေဒေရးရာႏွင့္ လုပ္ထံုးလုပ္နည္း ဆပ္ေကာ္မတီအဖြဲ႕က မိမိဘက္မွ နစ္နာမႈမရွိေအာင္ ေသခ်ာစြာ စစ္ေဆးေပးရန္ လိုအပ္ေၾကာင္း၊ မိမိတုိ႔သံုးစြဲမည့္ ထရန္စပြန္ဒါမ်ား တြင္ Indefeasible Right of Use (IRU) အသံုးျပဳမႈ အခြင့္အလမ္းကို ပယ္ဖ်က္၍မရေအာင္ ထည့္သြင္းခ်ဳပ္ဆုိရ မည္ျဖစ္ေၾကာင္း ဒုတိယ သမၼတက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံေတာ္ပိုင္ၿဂိဳဟ္တုစနစ္ တည္ေထာင္ႏိုင္ေရး အတြက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာ၌ ယခင္အစည္းအေဝး မ်ားတြင္ တင္ျပခဲ့သည့္ နည္းလမ္း ( ၃ ) ခု ရွိၿပီး နည္းလမ္း(၁)သည္ အျခားႏိုင္ငံကပိုင္သည့္ ၿဂိဳဟ္တု ထရန္စပြန္ဒါကိုငွားၿပီး ေငြေပးေခ်ေသာ စနစ္(Condosat)၊ နည္းလမ္း(၂)သည္ အခ်ိဳးက်ပူးတြဲ ပိုင္ဆိုင္သည့္ စနစ္(Joint)၊ နည္းလမ္း(၃)သည္ အလုံးစုံပိုင္ဆိုင္သည့္စနစ္တို႔ျဖစ္ေၾကာင္း၊ ယခင္က်င္းပခဲ့သည့္ ဒုတိယအႀကိမ္ အစည္းအေဝးတြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး တင္ျပသည့္ နည္းလမ္း(၂) ျဖစ္ေသာ အခ်ိဳးက်ပူးတြဲ ပိုင္ဆိုင္သည့္စနစ္ကို အဓိကထားေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိတြင္ MyanmarSat-1ကိုဌားရမ္းအသံုးျပဳေနေၾကာင္း၊ ႏိုင္ငံျခားမွ ၿဂိဳဟ္တုထရန္စပြန္ဒါ ငွားရမ္းသံုးစြဲသည့္ ၀န္ႀကီးဌာနမ်ားအေနျဖင့္ ခ်ဳပ္ဆုိထားသည့္ စာခ်ဳပ္သက္တမ္း မ်ား ျပည့္သြားသည့္အခါ MyanmarSat-2 ကို ေျပာင္းလဲ သုံးစြဲသြားႏိုင္ရန္အတြက္ နည္းပညာဆပ္ေကာ္မတီ အေနႏွင့္ အေသးစိတ္ ေဆြးေႏြးတိုင္ပင္ ၾကရန္လိုအပ္ေၾကာင္း ဒုတိယ သမၼတကဆိုသည္။(Xinhua)

Source: Tun Min Latt

Unicode





မြန်မာနိုင်ငံအနေဖြင့် MyanmarSat-2 ဂြိုဟ်တုစနစ်ကို ၂၀၁၉ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် MyanmarSat – 2 ကို လွှတ်တင် နိုင်ရေးနှင့် အချိုးကျ ပူးတွဲ ပိုင်ဆိုင်နိုင်ရေးလုပ်ငန်းများကို ဆက်လက်ဆွေးနွေး နေဆဲဖြစ်ပြီး ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းရှိကာ ၁၀ ရစ် ပေးချေရမည်ဖြစ်ကြောင်း၊ ယင်းကုန်ကျ စရိတ်များကို ၂၀၁၈-၂၀၁၉ ဘဏ္႑ာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္႑ာနှစ်ကာလများတွင် ပေးသွင်းရန် ညှိနှိုင်းထားကြောင်း၊ MyanmarSat-2 ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်အသုံးပြု နိုင်မည်ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။

အဆိုပါ MyanmarSat – 2 အသုံးပြုနိုင်ရေးနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ ညှိနှိုင်းရမည့်ကိစ္စများကိုလည်း ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီအဖွဲ့က မိမိဘက်မှ နစ်နာမှုမရှိအောင် သေချာစွာ စစ်ဆေးပေးရန် လိုအပ်ကြောင်း၊ မိမိတို့သုံးစွဲမည့် ထရန်စပွန်ဒါများ တွင် Indefeasible Right of Use (IRU) အသုံးပြုမှု အခွင့်အလမ်းကို ပယ်ဖျက်၍မရအောင် ထည့်သွင်းချုပ်ဆိုရ မည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ယခင်အစည်းအဝေး များတွင် တင်ပြခဲ့သည့် နည်းလမ်း ( ၃ ) ခု ရှိပြီး နည်းလမ်း(၁)သည် အခြားနိုင်ငံကပိုင်သည့် ဂြိုဟ်တု ထရန်စပွန်ဒါကိုငှားပြီး ငွေပေးချေသော စနစ်(Condosat)၊ နည်းလမ်း(၂)သည် အချိုးကျပူးတွဲ ပိုင်ဆိုင်သည့် စနစ်(Joint)၊ နည်းလမ်း(၃)သည် အလုံးစုံပိုင်ဆိုင်သည့်စနစ်တို့ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တင်ပြသည့် နည်းလမ်း(၂) ဖြစ်သော အချိုးကျပူးတွဲ ပိုင်ဆိုင်သည့်စနစ်ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် MyanmarSat-1ကိုဌားရမ်းအသုံးပြုနေကြောင်း၊ နိုင်ငံခြားမှ ဂြိုဟ်တုထရန်စပွန်ဒါ ငှားရမ်းသုံးစွဲသည့် ၀န်ကြီးဌာနများအနေဖြင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း များ ပြည့်သွားသည့်အခါ MyanmarSat-2 ကို ပြောင်းလဲ သုံးစွဲသွားနိုင်ရန်အတွက် နည်းပညာဆပ်ကော်မတီ အနေနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင် ကြရန်လိုအပ်ကြောင်း ဒုတိယ သမ္မတကဆိုသည်။(Xinhua)

Source: Tun Min Latt
SHARE

Author: verified_user

0 comments: