ဗွီဒီယိုဂိမ်းကစားခြင်းဟာ ဦးနှောက်နဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်အပြုအမူတွေကို ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ သိပ္ပံသုတေသိများက လေ့လာဖော်ထုတ်နိုင်ခဲ့ပါပြီ။ ယနေ့အထိတွေ့ရှိချက်များအရ ဗွီဒီယိုဂိမ်းကစားခြင်းဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့ကို ပြောင်းလဲပစ်နိုင်ပြီး ပိုမိုစွမ်းရည်မြင့်မားလာစေမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိုချင်စိတ်ကိုဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်းအချို့နဲ့ ဂိမ်းစွဲလမ်းခြင်း ဘယ်လို ဆက်စပ်နေသလဲဆိုတာကိုလဲ လေ့လာခဲ့ကြပါတယ်။
သင်ရော ဗွီဒီယိုဂိမ်း ကစားပါသလား။ ယနေ့ခေတ်မှာ ဂိမ်းကစားခြင်းဟာ ပုံမှန်အရာတစ်ခုလို ဖြစ်နေပါပြီ။ အရွယ်ရောက်ပြီး လူအများစု ဂိမ်းကစားကြပါတယ်။ ဂိမ်းကစားသူများရဲ့ ပျမ်းမျှအသက်ဟာ ၂၀၁၆ က လေ့လာမှုများအရ ၃၅ နှစ်ဖြစ်ပါတယ်။ နည်းပညာတွေ မြင့်မလားလာတာ၊ လူတိုင်းလက်လှမ်းမှီနိုင် လာတာကလည်း လူအများကို ဂိမ်းကစားသူများ ဖြစ်လာစေပါတယ်။ ယခင်က ဂိမ်းကစားသူအများစုဟာ ကွန်ပျူတာနဲ့ လက်ကိုင်ဂိမ်းစက်တွေမှာကစားနေရာက အခု စမတ်ဖုန်းတွေ၊ တက်ဘလက်တွေမှာ ကစားလာကြပါတယ်။ မနက်ခင်း အလုပ်သွားချိန် ကားပေါ်မှာ၊ ရထားပေါ်မှာ စသည်ဖြင့် ကစားလာကြပါတယ်။ တဖြည်းဖြည်းနဲ့ ဂိမ်းကစားခြင်းဟာ နေ့စဉ်အပန်းဖြေမှုတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ ဒါဆို ဂိမ်းကစားခြင်းဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို ဘယ်လို သက်ရောက်မှုရှိစေမလဲ။ ဦးနှောက်ရဲ့ အမူအကျင့်တွေကို ဘယ်လိုသက်ရောက်မှု ရှိစေမလဲ။
ဂိမ်းကစားခြင်းက ကျန်းမာရေးအပေါ် သက်ရောက်မှု၊ ပျော်ရွှင်မှုဖန်တီးပေးနိုင်စွမ်း တွေကို အရင်က လူကြိုက်များရုံ၊ ဖတ်ကောင်းရုံ ရေးသားခဲ့ကြတယ်။ တကယ့်လေ့လာမှုတွေ၊ အချက်အလက်တွေ မပါဘဲနဲ့ပေါ့။ ပြီးတော့ အချို့ဂိမ်းတွေကလည်း နာမည်ကျော်ဂိမ်းတွေ ဆိုတော့ ရေးလို့ကောင်းတဲ့ လူကြိုက်များ အကြောင်းအရာ တွေဖြစ်လာခဲ့တာပေါ့” ဟု သုတေသိ မက်ပေါလပ် ကဆိုသည်။ မက်ပေါလပ်နဲ့ အဖွဲ့ဟာ ဒီအချက်ကို သိပ်သဘောမကျကြပါဘူး။ သုတေသနပြုရလဒ်တွေပေါ်မှာ အခြေပြုပြီး ဂိမ်းကစားခြင်းရဲ့ အကျိုးဆက်တွေကို လေ့လာလိုကြပါတယ်။ ဒီအဖွဲ့ရဲ့ သုတေသန ပြုမှုမှာ စမ်းသပ်မှုပေါင်း ၁၁၆ ခုပါဝင်ပြီး ၂၂ ခုမှာ ဂိမ်းကစားခြင်းကြောင့် ဦးနှောက်တည်ဆောက်ပုံ ပြောင်းလဲသွားတာကို တွေ့ရှိခဲ့ပါတယ်။ အခု ၁၀၀ မှာတော့ ဦးနှောက် အလုပ်လုပ်ပုံ နဲ့ အမူအကျင့်အချို့ ပြောင်းလဲလာတာကို တွေ့ရှိခဲ့ပါတယ်။
ဂိမ်းတွေက လူတွေကို စွဲလမ်းစေတက်ပါသေးတယ်။ အခုခေတ်မှာတော့ ဂိမ်းစွဲတာကို “Internet Gaming Disorder” (အင်တာနက်ဂိမ်း ကစားမှုကြောင့်ဖြစ်သော စိတ်ကစဉ့်ကလျှားရောဂါ) လို့ခေါ်ဝေါ်သုံးဆွဲ နေကြပါပြီ။ ဂိမ်းစွဲသူများကို လေ့လာကြည့်တဲ့အခါ သူတို့ဦးနှောက်ရဲ့ လိုချင်စိတ်ကိုဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်း အချို့ဟာ အလုပ်လုပ်ပုံရော၊ ဖွဲစည်းပုံပါ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ဂိမ်းထဲမှာ တစ်ခုခုလိုချင်တဲ့အခါ လိုချင်စိတ်ကိုဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာက လှုပ်ရှားပြောင်းလဲမှုတွေကို လေ့လာပြီး ဒီရလာဒ်ဖြစ်ပေါ်လာတာပါ။ ဒီလှုပ်ရှားပြောင်းလဲမှုတွေက အခြား စိတ်ကစဉ့်ကလျှားရောဂါ တွေမှာ တွေ့ရတဲ့ ပြောင်းလဲမှုတွေနဲ့ အတူတူပါပဲလို့ ဆိုပါတယ်။
Boykhai(နည်းပညာချစ်သူ)
Via.bhmyanmar
Ref: https://www.sciencedaily.com/
0 comments: