Monday, November 6, 2017

Single အဖြစ်အကြာကြီးနေခဲ့တဲ့ကောင်မလေးတွေဟာချစ်ပြီဆိုရင် …

SHARE
 အသက် ၂၀ကျော်အထိ တစ်ယောက်တည်းနေလာရာကနေ ချစ်ရတဲ့သူနဲ့တွေ့သွားပြီးဆိုရင်တော့ အတိုင်းအထက်အလွန်ကိုပဲ ချစ်တတ်ပါတော့တယ်။ သူတို့စိတ်ကူးထားတဲ့အတိုင်းလည်း လုပ်ပေးတတ်ကြပါသေးတယ်။ အဲ့ဒါကြောင့် Single အဖြစ်အကြာကြီးနေခဲ့တဲ့ မိန်းကလေးတွေက ပိုပြီးချစ်တတ်ကြတာပါ။

၁။ တစ်ယောက်တည်းကိုပဲစိတ်နှစ်ထားတတ်တော့တယ်

တစ်ယောက်တည်းအကြာကြီးနေလာခဲ့ရာကနေ ချစ်ရတဲ့သူကိုတွေ့သွားပြီးဆိုရင် ချစ်သူတစ်ယောက်တည်းကိုပဲစိတ်နှစ်လိုက်တတ်တယ်။ ချစ်သူသွားရင် တစ်ကောက်ကောက်လိုက်တယ်။ ချစ်သူနဲ့တစ်ချိန်လုံးဖုန်းပြောတတ်တယ်။ သူငယ်ချင်းတွေကိုတောင်မေ့သွားတဲ့အထိ ချစ်သူဆီမှာပဲစိတ်နှစ်ထားတတ်တော့တယ်။

၂။ ချစ်သူထက် ပိုချစ်တတ်တယ် ၊ ဂရုစိုက်တတ်တယ် 

ဒီလိုမိန်းကလေးတွေဟာ ချစ်သူက ချစ်တာထက် ပိုချစ်တတ်တယ်။ ချစ်သူက ဂရုစိုက်ပေးတာထက် ပိုပြီးဂရုစိုက်တတ်တယ်။ တစ်ယောက်တည်းနေလာရင်းကနေ ချစ်သူရှိခဲ့ရင်တော့ ဘယ်လိုလုပ်ပေးချင်တာဆိုပြီးတွေးနေခဲ့လို့ ဒီလိုတွေပိုပြီး ချစ်နေရတာပဲဖြစ်ပါတယ်။

၃။ Suprise တွေလုပ်ပေးတတ်တယ်

ချစ်သူကြိုက်တတ်တဲ့ ပစ္စည်းလေးတွေနဲ့ ချစ်သူကို ပျော်သွားအောင်လုပ်တတ်ကြတယ်။ သူများနဲ့မတူတဲ့အိုင်ဒီယာတွေနဲ့ အဆန်းလေးတွေ လုပ်ပေးတတ်ကြတယ်။ ချစ်သူမသိအောင် ချစ်သူကြိုက်တတ်တဲ့ပစ္စည်းလေးတွေနဲ့ အမှတ်တရဖြစ်အောင်လုပ်ပေးတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူကို သူမတူအောင်ချစ်လို့ပါ။

အောင်ကိုလတ်-နည်းပညာ

(My Technology)


SHARE

Author: verified_user

0 comments: