တရုတ်က ၂၀၁၃ ခုနှစ်မှာ အမေရိကန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်လာပါတယ်။ အခုတော့ အိန္ဒိယက အမေရိကန်ရဲ့ ဒုတိယနေရာကို လုယူလိုက်ပါတယ်။ Canalys ရဲ့ စစ်တမ်းအရ အိန္ဒိယမှာ တတိယကွာတားတွင် စမတ်ဖုန်း အလုံးရေ သန်း ၄၀ ရောင်းချခဲ့ရပြီး ၄၆.၅ ရာခိုင်နှုန်းမှာ Samsung နဲ့ Xiaomi တို့ရဲ့ ဖုန်းများဖြစ်ပါတယ်။
Samsung က ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၉.၄ သန်းရောင်းချခဲ့ရပါတယ်။ ၂၉၀ ရာခိုင်နှုန်း ရောင်းအားတက်လာခဲ့ပါတယ်။ ရှောင်မီက ၉.၂ သန်းဖြင့် ဒုတိယနေရာက လိုက်နေပြီး သူ့ရဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများဟာ ရုန်းကန်နေရတဲ့အတွက် စွမ်းဆောင်ရည်နိမ့် ဖုန်းများကို အဓိကထား ရောင်းချနေပါတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။
Samsung, Oppo, Vivo တို့ဟာ ရူပီး ၁၅၀၀၀ နဲ့ ၂၀၀၀၀ အကြား တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်မှာ ရောင်းအားကောင်းနေပါတယ်။ ရှောင်မီရဲ့ နိုင်ငံအခြေပြု တီထွင် ဆန်းသစ်တဲ့ စမတ်ဖုန်းများကြောင့် ကွာတားအနည်းငယ်မှာ Samsung ထက် ရောင်းအားကောင်းခဲ့တယ်လို့ စစ်တမ်းက တွက်ချက်ထားပါတယ်။
Apple ရဲ့ ရောင်းအားကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့် တတိယကွာတားမှာ ရောင်းအား နှစ်ဆ တက်ခဲ့တယ်လို့ သိရပါတယ်။ Apple ရဲ့ ရောင်းအားမကောင်းမှုမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို နှစ်သက်ကြတဲ့ အိန္ဒိယ ဈေးကွက်ကြောင့် ဖြစ်ပါတယ်။
ref : gsmarena
Source:digitaltimes
0 comments: