(၁) Turn On HDR
(၂) ISO
(၃) Flash Light
(၄) Shutter Speed
(၅) Better Camera App
(၇)Image Editing
Ref : Gadgeteer
အောင်ကိုလတ်-နည်းပညာ
Unicode
စမတ်ဖုန်းတွေရဲ့ နည်းပညာက တနေ့ထက် တနေ့ ပိုကောင်းအောင် တည်ဆောက်ပြီး Hardware ပိုင်းရဲ့ အသွင်အပြင်က ကိရိယာအသစ်တေါကို ထုတ်လုပ်နေကြပါတယ်။ အခြေခံကျတဲ့ Hardware တခုအနေနဲ့ ပြောပါဆိုရင်တော့ အသုံးပြုသူတွေအတွက် ကင်မရာဟာ မပါမဖြစ်ပါပဲ။ များသောအားဖြင့် ဖုန်းဆိုတာ စကားပြောဆိုဖို့အတွက်သာ အဓိကထားထုတ်လုပ်ခဲ့ပေမယ့် ကင်မရာနဲ့က တွဲစပ်အသုံးပြုတွေရှိလာခဲ့ပြီး ကင်မရာ အရည်အသွေး ဆန်းစစ်မှု တွေပါ လုပ်လာခဲ့ပါတယ်။ ဆိုလိုတာကတော့ ကင်မရာကို ည အခြေအနေမှာပါ ကောင်းစွာ ကိုင်တွယ်နိုင်မှ ကင်မရာ သုံးခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှာ ဖြစ်ပါတယ်။ အလင်းအမှောင် ညှိတဲ့အခါ မှောင်နေတဲဲ့အနေအထားမှာဆို ပုံထွက်ကောင်းမှု ၊ ပုံရိပ်အရည်အသွေး ကောင်းကောင်းမွန်မွန် ရရှိစေဖို့ ဘယ်လို Featureတွေနဲ့ ပြင်ဆင်ရမလဲဆိုတာ အရေးကြီးပါတယ်။ အဲဒီတော့ ကိုယ် က ဘယဒီတော့ ဒီအခြေခံအချက်လေးတွေကို သိထားသင့်ပါတယ်။
အလင်းရောင်နည်းတဲ့ အနေအထားမှာ ပုံကောင်းတွေရဖို့ ဘယ်လိုရိုက်ချက်နဲ့ အပြင်အဆင်တွေ ရှိတယ်ဆိုတာ စာရင်းလုပ်ပေးထားတာပါ။
ညဘက်မှာ ပုံကောင်းကောင်းရဖို့ Android Phone နဲ့ ဓါတ်ပုံရိုက်တဲ့အခါမှာ ဒါတွေကို အသုံးပြုပေးပါ။
(၁) Turn On HDR
အမြင့်ဆုံးရွေ့လျားမှုနှုန်း (သို့) HDR အပြင်အဆင်ဟာ မတူညီတဲ့ အလင်း တောက်ပမှုကို ပုံစံချပေးပြီး ပုံထွက်ကောင်းမွန်စွာ ပုံဖောပေးဖို့အတွက် ချိန်ညှိပေးပါတယ်။ အလင်းရောင်နည်းတဲ့ မြင်ကွင်းတွေမှာဆိုရင် ဒီ HDR က ပုံကောင်းရယူဖို့ အကောင်းဆုံးပါပဲ။
(၂) ISO
ISO ဆိုတဲ့ စကားလုံးကို ကင်မရာပိုင်း ကို စိတ်၀င်စားကြသူတိုင်း သိကြမှာပါ။ အခု ဒီနေရာမှာ ISO ကို Auto ထားပြီး Resolution ကိုတော့ အမြင့်ဆုံး ထားပါမယ်။ အလင်းရောင်နည်းတဲ့အခြေအနေမှာဆို ISO ကို မြှင့်ပြီး အလင်း အတိုး၊ အလျှော့ကို စိတ်တိုင်းကျ ပမာဏအထိ ချိန်ညှိနိုင်ပါတယ်။
(၃) Flash Light
ဒီ Hardware ကတော့ အလင်းအားနည်းတဲ့ အနေအထားမှာ ပုံ ရိုက်နိုင်အောင် ပံ့ပိုးပေးပါတယ်။ ဒါပေမယ့် ကင်မရာရဲ့ flash မီးက ညံ့တာမျိုးဆို ပုံကောင်းထွက်မှာမဟုတ်ပဲ မီးကောင်းမှ ပုံကောင်းထွက်လာပါလိမ့်မယ်။ အဲဒီအတွက် အကောင်းဆုံးကတော့ flash မီးပိတ်ပြီး ရိုက်တာက ပုံထွက် ကောင်းကောင်းရဖို့အတွက် ထိန်းကြောင်းပေးမယ့် လမ်းစတစ်ခုပါပဲ။
(၄) Shutter Speed
ကင်မရာနဲ့ ပုံရိုက်တဲ့အခါမှာ ဒီ Shutter Speed က အရေးကြီးသင့်သလောကို အရေးပါလေ့ရှိပါတယ်။ ကင်မရာနဲ့ တော်တော်များများ ရိုက်ယူတဲ့ ပုံတွေမှာ အလင်းထုတ်လွှင့်မှုကို ယေဘုယျ ကောင်းမွန်အောင် ဖြတ်တောက်ပေးထားတဲ့ Speed ဖြစ်ပါတယ်။
(၅) Better Camera App
မတူညီတဲ့ ကင်မရာ App တွေရဲ့ ပုံထွက်ကလဲ ကွဲပြားခြားနားနိုင်ပြီး ပုံထွက်ကောင်းဖို့ဆို ပံ့ပိုးပေးမယ့် App ကောင်းကောင်းရှိဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် အခုနောက်ပိုင်း ထွက်တဲ့ မိုဘိုင်းဖုန်းတွေဟာ သူတို့ရဲ့ ဖုန်းအတွက် အကော်ငးဆုံး camera app တွေ ပေါင်းထည့်ထားကြတတ်ပါတယ်။ ဒီနေရာမှာ Camera 360 ကို သတိရပေမယ့် ကိုယ့်အရည်အသွေးကို စမ်းသပ်ချင်တယ်၊ ကိုယ့်ဖုန်းအကြောင်းလည်း သိချင်ရင်တော့ သမားရိုးကျ App ခပ်သေးသေးတစ်ခုပဲ သုံးသင့်ပါတယ်။ ရုပ်ထွက်နဲ့ အလင်းအမှောင်သဘောတရားကို တကယ်ရိုက်ယူကြည့်မှ ဘာကို သုံးရင် ဘာကြောင့် ဖြစ်တယ် ဆိုတာကို သိပါလိမ့်မယ်။ အဲဒီကျမှသာ better camera app ကို သုံးစွဲနိုင်ပါတယ်။ ညမြင်ကွင်း ပုံရိုက်ဖို့အတွက်ဆို ကင်မရာ App ကို ကောင်းတာ သုံးပြီး ပုံကောင်းတစ်ပုံ ထွက်ဖို့ ပြောင်းလဲ ပေးလိုက်ရုံပါပဲ။ မတတ်ခင်မှာတော့ အခြေခံကျပြီး လုပ်ဆောင်ချက်နည်းတာတွေကို သုံးပါ။ ဒါမှ မှတ်မိလွယ်မှာပါ။
(၆) Use Additional Gadgets
အလင်းထပ်ထည့်ဖို့နဲ့ Flash OTG အသေးစားသုံးမယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ပုံတွေရအောင် ကင်မရာ hardware ကို Gadgets ပေါင်းထည့် သုံးပေးရမှာပါ။ စားပွဲတင်မီး၊ အလင်းချိန်မီး စတဲ့ အရာတွေလို ဓာတ်ပုံဆိုင်မှာ ရိုက်ပေးတဲ့ ပစ္စည်းကိရိယာ အစုံက စမတ်ဖုန်းထဲက Gadget ထဲမှာ ပါပြီးသားပါ။ သို့ပေမယ့် သိတ်ကို သုံးချင်တယ် ဆိုရင်တော့ Zoom Gadget တစ်ခုကို ပေါင်းသုံးနိုင်ပါတယ်။
(၇)Image Editing
အဒါကတော့ ပုံကို ပြင်ဆင်မှုဆိုတဲ့ နောက်ဆုံးအဆင်ပါပဲ။ ပထမ App တွေက ဘယ်လောက်ပဲ ပံ့ပိုးပေးနေပါစေ..။ တခါတလေမှာ အလင်းအမှောင် ကို ထပ်ညှိရတာတို့ တုန်ခါမှုကြောင့် ဝါးသွားတာမျိုးတွေကြောင့်ဆိုရင် တည်းဖြတ်တာကို မဖြစ်မနေ ဂရုစိုက်ရမှာပါ။ Editing ထဲမှာလည်း ညအချိန် ပုံရိုက်ဖို့အတွက် ပြင်ဆင်ပေးတဲ့နည်းလမ်းတွေ တချီု့တလေ ပါရှိနေတတ်ပါတယ်။
တကယ်လို့ သင်ဟာ ဒီအရာတွေ သုံးပြီး အလင်းနည်းတဲ့အချိန်မှာ လိုချင်တဲ့ပုံရိုက်မယ်ဆို ပုံထွက် ကောင်းကောင်းရမှာဖြစ်ပါတယ်။ တခါတရံ ညအချိန်မို့ ပုံမရလိုက်တာမျိုး ရှိလာစိုးရင် ဒီအဆင့်တွေအတိုင်း အသုံးပြုပါ။ အလင်းနည်းတဲ့အချိန်မှာ အလင်းတင်ဖို့ နဲ့ ပုံထွက်ကောင်းဖို့ဆို ဒါတွေကို အဆင့်ဆင့်လုပ်ရမှာဖြစ်ပါတယ်။
ယုံကြည်နားလည်ထားရမှာ ၁ ခုတော့ ရှိနေပါသေးတယ်။ စမတ်ဖုန်း ပေါ် က ကင်မရာတွေ ဟာ စမတ်ဖုန်းပေါ်က ကင်မရာတွေသာ ဖြစ်ပါတယ်။ ပြင်ပကမ္ဘာက ကြေးတန်းစား ကင်မရာတွေကို မကောင်းနိုင်ပါဘူး ။ အနီးကပ်ဆုံး ထပ်တူမှီနိုင်ဖို့သာ မျှော်လင့်ရမှာ ဖြစ်ပြီး ကိုယ့်ရိုက်ယူခဲ့တဲ့ ညမြင်ကွင်း တစ်ခု ကောင်း၊ မကောင်း ဆိုတာ ကို စမတ်ဖုန်း ကို အပြစ်ဖို့လို့ မရသလို စမတ်ဖုန်းကင်မရာ အရည်အသွေးကိုလည်း ကြေးတန်းစားဓါတ်ပုံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုး လို့ မရနိုင်တာကတော့ အမှန်ပါပဲ။
Ref : Gadgeteer
0 comments: