Joker (Akhayar)
အောင်ကိုလတ်-နည်းပညာ
Unicode
ကမ္ဘာ့စံချိန်တစ်ရပ်အနေနဲ့ IBM သိပ္ပံပညာရှင်တွေဟာ စာအုပ်အရေအတွက် သန်း ၃၃၀ ဒေတာပမာဏ 330 terabytes အထိထည့်သွင်းနိုင်မယ့် လက်တစ်ဖဝါးစာ တိပ်လေးတစ်ခုကို တီထွင်ခဲ့ပါတယ်။ IBM တီထွင်ခဲ့တဲ့ ပထမဆုံ တိပ်ဟာ စတုရန်းတစ်လက်မကို ၂၀၁ gigabits ထည့်သွင်နိုင်ပြီး ယခု Commercial အရ အသုံးပြုနေတဲ့ Tape drives တွေဟာ အဲ့ဒီထက် အဆ ၂၀ ပိုမိုမြန်ဆန်ပါတယ်။
Tape drives တွေဟာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်တုန်းက Tax documents နဲ့ Health care records တွေကို သိမ်းဆည်းဖို့အတွက် ထုတ်လုပ်ခဲ့ရာမှာ စံချိန်တင်ခဲ့ပါတယ်။ IBM ရဲ့ ပထမဆုံး ယူနစ်ာ လက်မဝက်လောက် ကျယ်ပြီး ၂မီဂါဘိုက်အထိပဲ ထည့်သွင်းနိုင်ခဲ့တာပါ။
Magnetic tape တွေကိုတော့ Sony Storage Media Solution က တီထွင်ခဲ့ပြီး ပိုမိုများပြားတဲ့ ဒေတာကို ထည့်သွင်းလာနိုင်တာ ဖြစ်ကြောင်း သိရပါတယ်။
IBM အနေနဲ့ နည်းပညာကို ဆက်လက်အဆင့်မြှင်လာခဲ့ရာမှာ ၂၀၀၆ခုနှစ်က 8 tarabytes သာ ထည့်သွင်းနိုင်ရာကနေ ၂၀၁၇ခုနှစ်မှာ ၃၃၀ TB အထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
Joker (Akhayar)
0 comments: