Friday, November 10, 2017

လူ ၂၆ ယောက်သတ်သွားတဲ့ သေနတ်သမားရဲ့ iPhone ကို FBI လော့ခ်မဖြည်နိုင်

SHARE

Apple ကတော့ ကူညီဖို့ ကမ်းလှမ်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Sutherland Springs မှ ဘုရားကျောင်းထဲ ဝင်ပြီး လူ ၂၆ ယောက်သတ်သွားတဲ့ သေနတ်သမားရဲ့ iPhone ထဲ က အချက်အလက်တွေ ရယူဖို့ FBI အနေနဲ့ ခေါင်းခြောက်နေရပြီ ဖြစ်ပါတယ်။


လူပေါင်း ၂၆ ယောက် သတ်ဖြတ်ပြီး အသေဖမ်းဆီးရမိတဲ့ ဒဗ်ဗင်ကယ်လီလို့ ဆိုတဲ့ လူသတ်သမားဟာ ဒီလုပ်ကြံမှုအတွက် သူ့ ရဲ့ iPhone ထဲမှာ အစီအစဉ်ရေးဆွဲထားတဲ့ အချက်အလက်တွေ ထည့်သွင်းထားမှာ ဖြစ်လို့ FBI အတွက် ဖုန်းထဲကို ဝင်ရဖို့ ဆိုတာ အတော်လေးကို အရေးကြီးနေတာပါ။ အင်္ဂါနေ့ က ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ FBI ဟာ ဒီသေနတ်သမားရဲ့ iPhone ကို unlock ဖွင့်လို့ မရသေးဘူးလို့ ဝန်ခံပြောကြားထားပါတယ်။

FBI ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာ လူ ၁၄ ဦးကို သတ်သွားခဲ့တဲ့ ဆန်ဘာနာဒီနိုအကြမ်းဖက်မှုအတွင်း အကြမ်းဖက်သမား ကိုင်တဲ့ iPhone 5C ကို လော့ဖြည့်ဖို့ ပြင်ပ လုံခြုံရေးကုမ္ပဏီတစ်ခုကို ဒေါ်လာ ၉ သိန်းကျော် ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ထိုစဉ်က Apple ဟာ iPhone user များရဲ့ လုံခြုံရေးအရ ဖုန်းလော့ခ်ဖြည်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလိုမျိုး အပြင်ကုမ္ပဏီတစ်ခုကို ငှားပြီး unlock လုပ်ခဲ့ရတာပါ။

ယခုဖြစ်ရပ်မှာတော့ Apple ဟာ FBI ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပြီး အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင် FBI agents ထောင်ပေါင်းများစွာကိုလည်း iPhone တွေရဲ့ လုပ်ဆောင်ပုံကို နားလည်စေဖို့ နဲ့ Apple နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက် အမြန်ရယူပုံများကို ရှင်းလင်း လေ့ကျင့်ပေးဖို့ လည်း အဆိုပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ FBI အနေနဲ့ Apple လိုမျိုး လုံခြုံရေးနည်းပညာမြှင့်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ ရဲ့ နည်းပညာတွေကိုကို ဥပဒေအရ သီးသန့် ဝင်ခွင့် back doors နည်းပညာ ထားရှိပေးဖို့ တောင်းဆိုခဲ့ပေမယ့် Apple ကတော့ ဘာမှ တုန့် ပြန်မထားသေးပါဘူး။


ဒဗ်ဗင်ကယ်လီဟာ သူ့ ဖုန်းကို ဘယ်လိုနည်းနဲ့ လုံခြုံရေးထားသလဲ မသိရသေးပါဘူး။ တကယ်လို့ fingerprint နဲ့ ထားမယ်ဆိုရင်လည်း ၄၈ နာရီအတွင်း fingerprint ကို သုံးမထားဘူးဆိုရင် iPhone မှာ အလုပ်မလုပ်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။ FBI ဟာ အကြမ်းဖက်သမားရဲ့ iPhone လော့ခ်မဖြည်ပေးတဲ့ ကိစ္စနဲ့ Apple ကို တင်းနေခဲ့ပေမယ့် ယခုဖြစ်ရပ်မှာတော့ အဆင်ပြန်ပြေသွားဖို့ ရှိပါတယ်။

Source:duwun

Boykhai(နည်းပညာချစ်သူ)

အောင်ကိုလတ်-နည်းပညာ

(My Technology)


SHARE

Author: verified_user

0 comments: