၁ ရာစုမှာ နည်းပညာတွေက အလျင်အမြန်တိုးတက်လာနေပါတယ်။ ဒီလို တိုးတက်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်အသုံးပြုနေသမျှ အင်တာနက် အကောင့်တွေရဲ့လုံခြုံမှုကို အာမမခံနိုင်ကြပါဘူး။ မကြာခဏ ဆိုသလို Hacker တွေ Bank ကိုဝင်တိုက်ခိုက်တာတို့ အကောင့် Hack တာတို့ကိုလည်း မြင်နေကြတယ်မို့လား။ ဒီတော့ အကောင့်ကို လုံခြုံအောင် ဘယ်လိုထားမလဲဆိုတာ အခရာကနေ ဖော်ပြပေးလိုက်ပါတယ်။
၁။ VPN ကိုအသုံးပြုပါ။
VPN ဟာ ကွန်ပျူတာတွေရဲ့ လုံခြုံရေးပိုင်းအတွက်အကောင်းဆုံး Tools တစ်ခုဖြစ်ပါတယ်။ အများပြည်သူအသုံးပြုဖို့ အခမဲ့ Wifi ပေးထားတဲ့ နေရာတွေ ဒါမှမဟုတ် တခြား ဘယ်လို Internet နဲ့ပဲ ချိတ်ဆက်အသုံးပြုပြု သင့်အနေနဲ့ လုံခြုံမှုမရနိုင်တာကြောင့် VPN ကိုအသုံးပြုသင့်ပါတယ်။ VPN ကနေ သင့်ရဲ့ IP ကိုဖျောက်ထားနိုင်ပြီး သင့်ရဲ့ အချက်အလက်တွေကို လုံခြုံမှုရှိအောင် ထိန်းသိမ်းထားနိုင်ပါတယ်။၂။ တူညီတဲ့ Passwords အသုံးပြုတာကိုရှောင်ရှားပါ။
တစ်ခုမှတ်ထားရမှာက မှတ်မိလွယ်နေတဲ့ Password တွေဟာဘယ်တော့မှ လုံခြုံမှုရစေမှာမဟုတ်ပါဘူး။ (ဥပမာ – မွေးနေ့ ၊ ဖုန်းနံပါတ် ) စတာတွေပေါ့။ တူညီတဲ့ Password တွေကို အမြဲအသုံးပြုတဲ့အခါ သင့်အကောင့်ကနေ Passwords ကို Cracked နိုင်တာနဲ့ တခြား Network တွေကိုပါအားလုံး ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မတူညီတဲ့ Password ကို အကောင့်လုံခြုံမှုရှိအောင် မတူညီတဲ့ အကောင့်တွေ အတွက်အသုံးပြုပါ။၃။ Two-Step Verification ကိုအသုံးပြုပါ။
လက်ရှိမှာတော့ Social Media Platform အများစုမှာ အကောင့်တွေလုံခြုံအောင်ထိန်းသိမ်းနိုင်ဖို့အတွက် Two-Step Verification စနစ်ပါရှိပါတယ်။ ဒီစနစ်ကိုတော့ Set Up လုပ်ဖို့လိုအပ်ပါတယ်။ ဒီစနစ်ကို အကောင့်လုံခြုံဖို့အတွက်အသုံးပြုနိုင်ပါတယ်။ သင့်အကောင့်အတွက် Two Step ခံထားတဲ့အခါ မတော်တဆ Hacker တွေရဲ့ Hack ချင်းခံရရင် အရင်ဆုံး ကုဒ်ကို သင့်ဖုန်းကို ပို့ပေးတာကြောင့် ဘယ်သူက အကောင့်ကို Hack ဖို့ကြိုးစားနေလဲဆိုတာသိနိုင်ပါတယ်။
၎။ အကောင့်ကို Link မချိတ်ပါနဲ့။
အကောင့်တွေကို Link ချိတ်တာဟာ ကိုယ့်အကောင့်ကို Hack နိုင်အောင်လမ်းဖွင့်ပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် တခြား Social Media Platform တွေနဲ့ အကောင့်ကို လင့်ခ်ချိတ်ပြီး အသုံးမပြုသင့်ပါဘူး။
၅။ အများပြည်သူ အသုံးပြုနိုင်ဖို့ပေးထားတဲ့ အခမဲ့ Wifi ကိုရှောင်ရှားပါ။
အခမဲ့ပေးသုံးထားတဲ့ Wifi ကိုအသုံးပြုသူများပါတယ်။ ဒါပေမယ့် ဒီ Wifi ကနေတစ်ဆင့် Virus နဲ့ Malware ကူစက်နိုင်ပြီး အကောင့် Hack ခံရဖို့ အလားအလာ အများကြီးရှိပါတယ်။ တစ်ကယ်လို့သင့်အနေနဲ့ Public Wifi ကို ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ သင့် Device ကို Track လုပ်ပြီး Hack ခံရနိုင်ပါတယ်။
၆။ Primary Email ကိုတခြား နေရာတွေမှာမသုံးပါနဲ့။
ဒီနေ့ခေတ်မှာ Website အများစုဟာ Sign-In ၀င်ဖို့အတွက် Email တောင်းတတ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ Email အသုံးပြုမယ်ဆိုရင် ကိုယ်အဓိက အသုံးပြုနေတဲ့
Emial (ဥပမာ – အလုပ် ၊ လူမှုရေး ) ကိုမသုံးသင့်ပါဘူး။ တစ်ခြား Email ကိုပဲ အသုံးပြုပြီး Website ထဲဝင်ပါ။ တစ်ကယ်လို့ သင့်ရဲ့ Primary Email ကိုအသုံးပြုလိုက်မယ်ဆိုရင် Inbox ထဲကို Spam တွေဝင်ဖို့ ဖိတ်ခေါ်သလိုဖြစ်ပါလိမ့်မယ် ဘာလို့လည်းဆိုတော့ တစ်ခါတစ်လေ တခြား Website တွေကနေ Virus တွေဝင်တတ်ပါတယ်။ ဒါကြောင့် တခြား Email ကိုသာသုံးပြီး ကိုယ်ကြည့်လိုတဲ့ အသုံးပြုလိုတဲ့ Website တွေကိုဝင်ပါ။
၆။ Website လိပ်စာတွေကို ကလစ်တိုက်ရိုက်တန်းမနှိပ်ပဲ Search Bar မှာ စာရိုက်ပြီးဖွင့်ပါ။
ဘာဖြစ်လို့ ကလစ်တိုက်ရိုက်တန်းမနှိပ်ပဲ Web Address ကိုအရင်ရိုက်ခိုင်းလည်းဆိုတော့တခါတလေ Hacker တွေဟာ Fake Link တွေကို Malware တွေနဲ့ ချိတ်ဆက်ပြီး လင့်ခ် ချပေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်Email ထဲကို အမည်မသိတဲ့သူတွေကပို့တဲ့ Email တွေမှာ Attach လုပ်ထားတဲ့ Link ကိုတွေ့ရင် ကလစ်မနှိပ်ပါနဲ့။ နှိပ်လိုက်ရင် အဲဒီလင့်ခ်ကနေတဆင့် Login ၀င်ခိုင်းပါလိမ့်မယ်။ ကိုယ်က မသိပဲဝင်လိုက်ရင် သင့် Email ကိုသူတို့ရဖို့အတွက် မခက်တော့ပါဘူး။၇။ အကောင့်အသုံးပြုပြီးရင် Log-Out အမြဲထွက်ပါ။
Facebook အသုံးပြုတဲ့သူတွေဟာ ပုံမှန်ဆိုရင်သူတို့အကောင့်ကို Computer ကနေ Log-Out လုပ်လေးမရှိပါဘူး။ ကွန်ပျူတာ Password ကိုတစ်ယောက်ယောက်က သိနေတယ်ဆိုရင် သင်မရှိတဲ့ အချိန် ကွန်ပျူတာမှာဖွင့်ထားတဲ့ Facebook နဲ့ တခြား Social Media Platform တွေကိုသူတို့စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးပြီးတိုင်း Log-Out ထွက်သင့်ပါတယ်။Via.Jan (Akhayar)
Boykhai(နည်းပညာချစ်သူ)
0 comments: